ဖန်ပြွန်သန္ဓေသားကုထုံးဖြင့် သား/သမီး ရရန် ကြိုးပမ်းသင့်သည့် အခြေအနေများ
၁။ သားဥပြွန်လမ်းကြောင်းပြဿ နာများ
(က) သားဥပြွန်လမ်းကြောင်းပိတ်ခြင်း။
(ခွဲစိတ်၍ ပြန်ဆက်ခြင်း မပြုလုပ်နိုင်သောသူများအတွက်)
(ခ) လမ်းကြောင်းပိတ်စို့မှုမရှိသော်လည်း သွေးအိတ်၊ သွေးလုံးများရှိခြင်းကြောင့်သားဥပြွန်လက်တံလှုပ်ရှားမှုအားနည်းခြင်း၊ (သို့) ခွဲစိတ်၍ ပြုပြင်ထားသော်လည်း (၂) နှစ်ကြာသည်အထိ သားသမီးမရရှိခြင်း။
(*အမျိုးသမီး၏ အသက်အပိုင်းအခြားပေါ်မူတည်၍ ကုသမှုကို စောလျှင်စွာ စတင်သင့်ပါသည်။)
၂။ အကြောင်းပြချက်မရှိဘဲ သားသမီးဝေးနေခြင်း။
အကြောင်းမဲ့သားသမီးဝေး ကာလသုံးနှစ်နှင့်အထက် ကြာမြင့်နေပါက ဖန်ပြွန်သန္ဓေသားကုထုံးကို စတင်သင့်ပါသည်။
(အမျိုးသမီးအသက်(၃၆)နှစ်နှင့်အထက် ဖြစ်ပါက ယခုထက် စောလျှင်စွာစတင်သင့်ပါသည်။)
၃။ အမျိုးသားသုတ်ပိုး အားနည်းခြင်း။
(က) စုစုပေါင်းအကောင်ရေ(၁)သန်းအောက်ရှိနေပါက မဖြစ်မနေဤကုထုံးကို ခံယူရပါမည်။
(ခ) သုတ်ပိုးကောင်ရေ(၁)သန်းနှင့်(၁၀)သန်းကြားရှိနေပြီး သားသမီးဝေးကာလ (၂)နှစ်အထက် ပိုကြာသွားပါက ဤကုထုံးကို စတင်ရပါမည်။
(ဂ) သုတ်ပိုးကောင်ရေ(၁၀)သန်း အထက်ရှိပါက သားသမီးဝေးကာလ (၃)နှစ်အထက်ကြာမြင့်လျှင် ဤကုထုံးကို စတင်သင့်ပါသည်။
(* အမျိုးသမီးအသက်(၃၆)နှစ်နှင့်အထက် ဖြစ်ပါက ယခုထက် စောလျှင်စွာစတင်သင့်ပါသည်။)
၄။ သားအိမ်နှင့် သားဥတို့တွင် သွေးလုံးရှိခြင်း။
(က) သွေးလုံးရောဂါအဆင့်(၁)နှင့် (၂)(သာမန်နှင့်အသင့်အတင့်)ရှိပြီး သားသမီးဝေးကာလ(၃)နှစ်နှင့်အထက်ရှိပါကဖန်ပြွန်သန္ဓေသား
ကုထုံး(IVF)ကို စတင်သင့်ပါသည်။
(ခ) သွေးလုံးရောဂါအဆင့်(၃)(ပြင်းထန်)ရှိပြီး ခွဲစိတ်ရန် မဖြစ်နိုင်ပါက ဖန်ပြွန်သန္ဓေသားကုထုံး(IVF) ကိုချက်ချင်းပြုလုပ်သင့်ပါသည်။
(သို့)
ခွဲစိတ်မှုခံယူပြီး(၂)နှစ်နှင့်အထက် သားသမီးမရရှိပါက(IVF)ကုထုံးကို စတင်သင့်ပါသည်။
(*အမျိုးသမီး၏ အသက်အပိုင်းခြားပေါ်မူတည်၍ ယခုထက်စောလျှင်စွာ စတင်သင့်ပါသည်။)
၅။ သားအိမ်ခေါင်းဆိုင်ရာ ပြဿနာများနှင့် ကိုယ်ခံအားနှင့် ပတ်သက်၍ သားသမီးဝေးခြင်း။
သားသမီးဝေးကာလ(၂)နှစ်နှင့်အထက်ရှိပါက (IVF)ကုထုံးအားစတင်ရပါမည်။
(* အမျိုးသမီးအသက်(၃၆)နှင့်အထက်ဖြစ်ပါက ဤကုထုံးအား စောလျှင်စွာ စတင်ရပါမည်။)
၆။ အမျိုးသမီးဟော်မုန်း မမျှတခြင်း။
အမျိုးသမီးဟော်မုန်း မမျှတခြင်းကြောင့် မမျိုးဥ မကြွေခြင်းကို မမျိုးဥကြွေဆေး(စားဆေး/ထိုးဆေး)တို့ဖြင့် (၉)ကြိမ်မှ(၁၂)ကြိမ်ထိ ကြိုးစား၍ မအောင်မြင်ပါက ဤ(IVF)ကုထုံးဖြင့် စတင်သင့်ပါသည်။
(Recommended by Dutch Society of Obs/ Gyn)