BFC 19th Anniversary Event

BFC (Bahosi Fertility Centre)

19 years anniversary

BFC (Bahosi Fertility Centre) 19 years anniversary Bahosi Fertility Centre ၏ ၁၉ နှစ်ပြည့်နှစ်ပတ်လည်ပွဲ အခမ်းအနားလေးကို ရန်ကုန်မြို့ ၊ အမှတ် ၃၁-၃၆၊ တိုက် ၃-၄၊ ၆ လွှာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ Bahosi Fertility Centre တွင် ၁၅.၈.၂၀၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ ယင်းပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လက်ရှိ Assisted Reproductive Technology နည်းပညာအကူအညီဖြင့် ကိုယ်ဝန်ရရှိထားသော မိခင်လောင်းများနှင့် BFC သို့ လတ်တလောအလည်လာကြသော သားသားမီးမီးများတို့ဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါသည်။

BFC သည် ၂၀၀၆ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ဖန်ပြွန်သန္ဓေသားဌာနအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ (၃)ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဖန်ပြွန်သန္ဓေကို ကိုယ်ဝန်ဆောင်စေ ခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် BFC ၏ ပထမဆုံးဖန်ပြွန်သန္ဓေ သမီးငယ်ကိုမွေးဖွားခဲ့ပါသည်။

၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် BFC ၏ ပထမဆုံးဖန်ပြွန်သန္ဓေ သားငယ်ကိုမွေးဖွားခဲ့ပါသည်။

၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ICSI ( Intracytoplasmic Sperm Injection) နည်းဖြင့် BFC ၏ ပထမဆုံး ICSI Baby မွေးဖွားခဲ့ပါသည်။

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလတွင် FET ( Frozen Embryo Transfer)နည်းဖြင့် BFC ၏ ပထမဆုံး FET Baby မွေးဖွားခဲ့ပါသည်။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် TESE (Testicular Sperm Extraction) နည်းဖြင့် BFC ၏ ပထမဆုံး TESE Baby မွေးဖွားခဲ့ပါသည်။

၂၀၁၀ ခုနှစ်၊ မေလတွင် Blastocyst Transfer နည်းဖြင့် BFC ၏ ပထမဆုံး Blastocyst Transfer Baby မွေးဖွားခဲ့ပါသည်။

ယခုဆိုလျှင် ၂၀၀၆ မှ ၂၀၂၅ အထိ (၁၉) နှစ်တာကာလအတွင်း IUI/ IVF နည်းများဖြင့် သားငယ်/သမီးငယ် (၇၀၀) ကျော်အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

2025-09-05 00:00:00