ဝန်ဆောင်မှု

သုက်ပိုးအေးခဲသိမ်းဆည်းရာတွင် အမျိုးသားနှင့် အမျိုးသမီး လိင်မဆက်ဆံဘဲ ၃-ရက်ရှောင်ပြီးမှ ထုတ်သောသုက်ရည်ဖြစ်ရန် လိုပါသည်။ ဤသို့အေးခဲသိမ်းထားသော သုက်ပိုးကိုအမျိုးသားခရီးရှည်ထွက်ရ သော အိမ်ထောင်ရှင်များအနေဖြင့် အမျိုးသားခရီးထွက်ချိန်တွင် IUI (သို့) IVF/ICSI နည်းနှင့် ကြိုးစားချိန် တွင် အသုံးပြုနိုင်ပါသည်။ အချို့အမျိုးသားများသည် သားသမီးရရှိအောင် ကြိုးစားနေသော Treatment Cycle တွင် သုက်ရည်ထုတ်ရန်ခက်ခဲတတ်ပါသည်။ ထိုသို့သော အမျိုးသားများအတွက် သုက်ရည် ကိုကြိုတင်ယူ၍ အေးခဲသိမ်းထားနိုင်ပါသည်။

IVF နည်းပညာ၏ အစပိိုင်းကာလတွင် သန္ဓေသားလောင်းအား သန္ဓေအောင်ပြီး (၂-၃)ရက်အကြာ ဆဲလ်(၂)ခုမှ (၈)ခု အထိဖြစ်လာချိန်တွင် မိခင်သားအိမ်အတွင်းပြန်လည်ထည့်ပေးပါသည်။ ဆန်းသစ် လာသောနည်းပညာများအရ Blastocyst Transfer နည်းစနစ်တွင် သန္ဓေသားလောင်းအား ဓါတ်ခဲခန်းတွင် ၅-ရက်ခန့် ကြီးထွားစေပြီး cell တစ်ရာခန့်ရောက်လာသော အချိန်တွင်မှ ပြန်လည်ထည့်သွင်းပါသည်။

Assisted Hatching ဆိုသည်မှာ မိခင်၏သားအိမ်အတွင်းသို့ သန္ဓေသားလောင်းအား ပြန်မထည့်မီ  သန္ဓေသားလောင်း၏အပြင်ဘက်ဆုံးလွှာကို လေဆာဖြင့် အပေါက်ငယ်ဖြစ်အောင် ပြုလုပ်ပေးပြီးမှ မိခင်၏ သားအိမ်အတွင်းသို့ ပြန်ထည့်ပေးခြင်းဖြစ်ပါသည်။
 

ဤနည်းသည် သန္ဓေအောင်ပြီး အေးခဲသိမ်းထားသော သန္ဓေသားလောင်းများအား မိခင်၏ သားအိမ်တွင်းသို့ ပြန်လည်ထည့်သွင်း၍ ကိုယ်ဝန်ရစေသောနည်း ဖြစ်ပါသည်။
ဤနည်းဖြင့် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆက်တိုက်ကြိုးစားပါက အောင်မြင်မှုရာခိုင်နှုန်း ၆ဝ% မှ ၈ဝ%ထိ တက်လာနိုင်ပါသည်။

 

Pages