ခန္ဓာကိုယ်ပြင်ပ၌ မျိုးအောင်စေခြင်းနည်းဖြင့် သားသမီးရယူခြင်း (IVF)

IVF နည်းကို ဖန်ပြွန်သန္ဓေသားဟုခေါ်ပါသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးသောဖန်ပြွန်သန္ဓေသားကို ၁၉၇၈ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယနေ့အချိန်ကာလအထိ ဖန်ပြွန်သန္ဓေသားနည်းဖြင့် မွေးဖွားသန့်စင်ခဲ့ သော ကလေးငယ်ပေါင်းငါးသန်းခန့်ရှိနေပြီဖြစ်ပါသည်။ ၎င်းနည်းဖြင့် လုပ်ဆောင်ရာတွင်မမျိုးဥများ လုံလုံ လောက်လောက်ထွက်စေရန် ဟော်မုန်းထိုးဆေးများဖြင့် လှုံ့ဆော်ရပါသည်။ ၎င်းနည်းသည် အမျိုးသမီးထံမှ မမျိုးဥနှင့် အိမ်ထောင်ဖက်အမျိုးသား၏ သုက်ပိုးကို ဓါတ်ခွဲခန်းတွင်သန္ဓေအောင်စေပြီး သန္ဓေသားလောင်း ကို အမျိုးသမီး၏သားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်း၍ ကိုယ်ဝန်ဆောင်စေသောနည်းဖြစ်ပါသည်။ ဖန်ပြွန်သန္ဓေသားနည်း၏ အောင်မြင်မှုရာခိုင်နှုန်းမှာ ၃၅%မှ ၄ဝ% ထိရှိပါသည်။ အောင်မြင်မှုရာခိုင်နှုန်းမှာ အသက်အရွယ်၊ အိမ်ထောင်ပြုပြီး ကလေးရရန်ကြန့်ကြာနေသောနှစ်၊ ယခင်အသုံးပြုခဲ့သော သားဥအိမ် လှုံ့ဆော်သောဆေးများသုံးစွဲခဲ့မှုရာဇဝင်များနှင့် အမျိုးသမီးသားဥအိမ်ရောဂါအခြေအနေများနှင့် သက်ဆိုင် ပါသည်။
BFCတွင်ဖန်ပြွန်သန္ဓေသား ပြုလုပ်ရန် ပထမဦးစွာ ဖန်ပြွန်သန္ဓေသားနှင့် ပတ်သက်သော သတင်း အချက်အလက်များကို တာဝန်ရှိသူများမှ ဖန်ပြွန်သန္ဓေပြုလုပ်မည်စုံတွဲအား သေချာစွာ နားလည် သဘောပေါက်စေရန် ရှင်းပြဆွေးနွေး ပါသည်။
-    ၎င်းနောက် သွေးစစ်ခြင်း၊ သားအိမ်သားဥအိမ် အခြေအနေစစ်ဆေးခြင်းများကို ကြိုတင်ပြုလုပ်ပါ သည်။
-    BFC သည် ဖန်ပြွန်သန္ဓေသား နည်းပညာအဆင့်ဆင့်ကို အစမှအဆုံးတနေရာထဲတွင် ပြုလုပ်ပေးပါ သည်။

ဖန်ပြွန်သန္ဓေသားပြုလုပ်ပုံအဆင့်ဆင့်
၁။    ဆေးဝါးကုထုံး (သားဥအိမ်လှုံ့ဆော်သော ဟော်မုန်းဆေးများ အသုံးပြုခြင်း) ပုံမှန်အနေအထားအရ မမျိုးဥသည် (၁)လလျှင် (၁)လုံးသာဖွံ့ဖြိုးပါသည်။ သားဥအိမ်လှုံ့ဆော်သောဆေးများ အသုံးပြုခြင်း ဖြင့် မမျိုးဥများစွာ တချိန်ထဲတွင် ဖွံ့ဖြိုးလာပြီးသားသမီးရရန်အခွင့်အလမ်းပိုများပါသည်။ ထို့ကြောင့် ထိုဟော်မုန်းဆေးများအားနေ့စဉ် (၉)ရက်၊ (၁ဝ)ရက်ခန့် ထိုးနှံရန်လိုအပ်ပါသည်။

၂။    မမျိုးဥများဖွံ့ဖြိုးလာပုံကို ကြည့်ရှုစစ်ဆေးရန် မိန်းမကိုယ်တွင်းမှကြည့်ရှုသော တီဗွီဓါတ်မှန်ဖြင့် စစ်ဆေးပြီး ဟော်မုန်းဆေးထိုးသော ပမာဏကိုခြင့်ချိန်၍ ဆေး၏ ဘေးထွက်ဆိုးကျိုးများမဖြစ်ပေါ် စေရန် ကာကွယ်ခြင်း။

၃။    မမျိုးဥထုတ်ယူခြင်း
    ၎င်းအဆင့်တွင် မေ့ဆေးအချိန်ကို (၁ဝ မိနစ် မှ ၂ဝ မိနစ်ခန့်)ပေး၍ မိန်းမကိုယ်တွင်းမှ ကြည့်ရှုပြီး မမျိုးဥအိမ်မှ မမျိုးဥများကိုစုပ်ယူပါသည်။ ကြည့်ရှုသော တီဗွီဓါတ်မှန်ဖြင့် ကြည့်ရှုပြီး မမျိုးဥအိမ်မှ မမျိုးဥများကိုစုပ်ယူပါသည်။ ၎င်းအဆင့်ကို သားဥကြွေဆေးထိုးပြီး ၃၆ နာရီမှ ၃၈နာရီ အကြာတွင် ပြုလုပ်ရပါ သည်။

၄။    အမျိုးသားထံမှ သုက်ရည်ကိုရယူခြင်း (မမျိုးဥထုတ်ယူသောနေ့တွင်ပင် အမျိုးသားထံမှ သုက်ပိုးပေး ရန်လိုအပ်ပါသည်။)

၅။    သန္ဓေအောင်စေခြင်း
    မမျိုးဥနှင့်အမျိုးသားသုက်ပိုးများကိုအထူး media ထဲတွင် အတူတကွထားပြီးသန္ဓေအောင်စေပါသည်။ ၎င်းနောက်နေ့တွင် သန္ဓေသားလောင်း၏ အခြေအနေကို သားလောင်းဗေဒပညာရှင်မှ စစ်ဆေးပါ သည်။ ဒုတိယနေ့၊ တတိယနေ့များတွင် နေ့စဉ်စစ်ဆေး၍ သားအိမ်အတွင်းပြန်လည်ထည့်သွင်းရမည့် ရက်ကို သားဖွားမီးယပ်အတိုင်ပင်ခံ ဆရာဝန်ကြီးမှ သတ်မှတ်ပါသည်။

၆။    အရည်အသွေးအကောင်းဆုံး သန္ဓေသားလောင်းများအား ဝမ်းဗိုက်ပေါ်မှ တီဗွီဓါတ်မှန်ဖြင့် သား အိမ်အတွင်းမြှေးအားကြည့်ရှု၍ သားအိမ်အတွင်းသို့ထည့်ပေးပါသည်။ ပိုနေသောသန္ဓေသားလောင်း များအား အေးခဲ၍သိမ်းဆည်းပါသည်။

၇။    ကိုယ်ဝန်ခိုင်စေရန်လိုအပ်သော ဟော်မုန်းဆေးများအား သောက်ဆေး၊ ထိုးဆေး၊ မိန်းမကိုယ်တွင်းသို့ ထည့်သောဆေးတောင့်များဖြင့် ထောက်ပံ့ပေးပါသည်။

၈။    သန္ဓေသားလောင်းအား ပြန်လည်ထည့်သွင်းပြီး ၁၄-ရက်အကြာတွင် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးရပါသည်။