Diet Female

'' ရင်သွေးရယူလိုသောအမျိုးသမီးများနှင့် အစာအာဟာရ ''

    '' ဆရာရေ၊ ဆရာမရေ …… ကျွန်မတို့ဘာတွေကိုစားသင့်ပါသလဲ ……"
    ရင်သွေးရတနာရရှိလိုသောမိခင်လောင်းများအနေဖြင့်
-    Whole grains (မွမ်းမံခြင်းမပြုလုပ်ထားသော ဂျုံ၊ ဆန် စသည့် အစေ့အဆန်များ)
-    Omega 3 fatty acids (ငါး (ဆော်လမွန်ငါး)၊ ပဲ၊ ပဲတောင့်ရှည်၊ အစေ့အဆံများနှင့် ဟင်းသီးဟင်းရွက်များ)
    ကိုများများစားသင့်ပေသည်။ သို့သော် transfat ဟုခေါ်သော မကောင်းသောအဆီနှင့် red meat ဟုခေါ် သော အမဲသား၊ သိုးသားနှင့် ၀က်သား စသည်တို့ကိုလျော့၍ စားသင့်ပါသည်။ ထို့အပြင်  folic acid ပါဝင်သော multivitamin ( သို့မဟုတ်  ) folic acid ကို ကိုယ်၀န်မဆောင်မီနှင့် ကိုယ်၀န်ဆောင်ကာလအတွင်း နေ့စဉ်သောက်သုံးခြင်းဖြင့် မွေးဖွားလာမည့် ကလေးတွင်ဖြစ်နိုင်သော မွေးရာပါချို့ယွင်းချက်များကို ကာကွယ်ပေးရုံသာမက ကိုယ်၀န်ရရှိစေရန်လည်း အခွင့်အလမ်းပိုများစေပါသည်။ ထို့အပြင် ကိုယ်၀န်ကိုလည်းပို၍ ကာကွယ်ထိန်းသိမ်းပေးနိုင်ပါသည်။

Folic acid
Nurse's Healthy study II (NHS-II) မှလည်း လက်ရှိစစ်တမ်းလေ့လာမှုများအရ အောက်ပါအတိုင်း အကြံပြုရေးသားထားပါသည်။ Folic acid ကို ကိုယ်၀န်မယူမီနှင့် ကိုယ်၀န်ဆောင် အစောပိုင်း ကာလများတွင် သောက်သုံးခြင်းဖြင့် မွေးဖွားလာမည့်ကလေးတွင် ဖြစ်နိုင်သော  အာရုံကြောချို့ယွင်းမှုကို ကာကွယ်ပေးရုံသာမက ကိုယ်၀န်ခဏခဏပျက်ကျခြင်းကိုလည်း လျော့ပါးစေပါသည်။ ထို့အပြင် အမျိုးသမီး များ၏ သားဥကြွေခြင်းနှင့် ဆိုင်သောပြဿနာရပ်များ(သားဥပုံမှန်မကြွေခြင်း)တို့ကိုလည်း လျော့နည်းစေပါသည်။ ထို့ကြောင့် Folic acid သည် သားသမီးယူရန် စီစဉ်နေသော အမျိုးသမီးများအတွက် ရင်သွေး ရတနာ ကိုလည်း မြန်မြန်ရရှိစေနိုင်ပြီး ကလေးအရှင်မွေးဖွားနှုန်းလည်း ပိုမိုမြင့်မားစေပါသည်။

Carbohydrate (ကစီဓာတ်)
အစားအစာတွင်ပါ၀င်သော ကစီဓာတ်၏ အရည်အသွေး (quality) နှင့် ပမာဏ (quantity) တို့သည် ခန္ဓာကိုယ်တွင် သကြားဓာတ်ပမာဏမျှခြေရှိစေရန်နှင့် ထိုသို့မျှခြေပမာဏဖြစ်ပေါ်အောင် ထိန်းညှိပေးသောဒြပ် (insulin)၏ လုပ်ဆောင်မှုပေါ်တွင် အကျိုးသက်ရောက်စေပါသည်။ အကျိုးဆက်အနေဖြင့် မမျိုးဥအိမ်မှ ကျား ဟော်မုန်း (androgen)ထုတ်လုပ်မှုနှင့် မျိုးဥအိမ်၏ လုပ်ဆောင် မှုများအပေါ်တွင် အကျိုးသက်ရောက်စေပါသည်။

PCOS ဟုခေါ်သော မျိုးဥအိမ်၌ မျိုးဥသေးသေးလေးများစွာဖြစ်ပေါ်သော အမျိုးသမီးများတွင် ကစီဓာတ်ပါ၀င်သော အစားအစာများလျော့၍စားသုံးပါက သွေးထဲရှိသကြားဓာတ်ကို ထိန်းညှိပေးသောဒြပ် (insulin) ၏ တုံ့ပြန်မှုကိုကောင်းစေခြင်း၊ သွေးထဲရှိ ကျားဟော်မုန်း (Testosterone)ပမာဏကို လျော့ကျစေခြင်း ဖြင့် မျိုးဥအိမ်၏ လုပ်ဆောင်မှုကို ကောင်းမွန်စေပါသည်။

Whole grains (မွမ်းမံပြုပြင်ထားခြင်းမရှိသော နှံစားပင်တို့၏ အစေ့အဆန်များဖြစ်သည့် ဆန်၊ ဂျုံ စသည်)တို့ကို ကိုယ်၀န်မယူမီကြိုတင်၍ စားသုံးပေးခြင်းဖြင့် သားသမီးရရှိစေရန် အကျိုးသက်ရောက်မှုရှိ ခြင်းနှင့် ကလေးအရှင်မွေးဖွားနှုန်းတို့ကိုလည်း ပိုမိုမြင့်မားစေပါသည်။ ၎င်းတို့တွင်ပါ၀င်သော phytic acid, vitamins (ဗီတာမင်) နှင့် selenium  (ဆီလီနီယမ်)များ, antioxidant antiinflammatory (ဓာတ်တိုးဆန့်ကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကိုလျော့ပါးစေသောဂုဏ်သတ္တိများ)သည် သားသမီးရရှိရန် အထောက်အကူပြုပေးသည်။

Fatty Acids (အဆီဓာတ်များ)
Fatty acids (အဆီဓာတ်များ) ကို
-    Saturated (SFA)
-    Monounsaturated (MUFA) နှင့်
-     Polyunsaturated (PUFA) ဆိုပြီး အမျိုးအစားများခွဲခြားထားပါသည်။ ထိုအဆီဓာတ်များသည် မျိုးဥ များရင့်မှည့် (အရွယ်ရောက်)လာစေရန်၊ သန္ဓေသားလောင်းများ ဖွံ့ဖြိုးလာစေရန်၊ မိခင်သားအိမ်၏ နံရံတွင် သန္ဓေသားလောင်းတွယ်ကပ်စေရန်နှင့် ကိုယ်၀န်ခိုင်မြဲအောင်ထိန်းသိမ်းရန်စသည်တို့ကို လုပ်ဆောင်ပေးပါသည်။ သို့သော် trans fat ဟုခေါ်သော မကောင်းသောအဆီများသည် မျိုးဥကြွေသည့်လုပ်ငန်းစဉ်များ တွင် ဆိုးကျိုး များကိုသာ ဖြစ်ပေါ်စေပါသည်။

(Trans fat ပါ၀င်သော အစားအစာများမှာ အမဲဆီ၊ သိုးဆီ၊ ထောပတ်ပေါက်ပေါက်၊ ရောစပ်ထားသော ဟင်းရွက်ဆီ၊ ချက်ပြုတ်ရာတွင်သုံးသော ထောပတ်ခဲ၊ အာလူးကြွပ်ကြော်၊ ပြောင်းဖူးကြွပ်ကြော်၊ အာလူးချောင်း ကြော်ကဲ့သို့သော ဆီထဲနှစ်ကြော်ထားသော အစားအစာများ၊ Crackers (ခရက်ကာ)၊ Biscuits (ဘီစကစ်)နှင့် Cookies (ကွက်ကီးများ)၊ Doughnuts (ဒိုးနတ်များ)၊ Croissants (ခရိုးဆန့်)၊ apple pies၊ ၀က်အူချောင်း၊ non-dairy coffee whiteners တို့ဖြစ်ပါသည်။)
 

ထို့ကြောင့် Omega 3 ကဲ့သို့ကောင်းမွန်သော အဆီများကို များများစားသင့်ပြီး trans fat ကဲ့သို့ မကောင်းသောအဆီများကို နည်းနည်းပဲစားသင့်ပါသည်။ ဤသို့စားသုံးလျှင် Endometriosis ဟုခေါ်သော သွေးလုံး ဖြစ်ပေါ်မှုကို လျော့နည်းစေပြီး သားသမီးရရှိစေရန်လည်း အထောက်အကူပေးပါသည်။

Protein (အသားဓာတ်)
ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်သာပြုလုပ်သော အရွယ်ရောက်ပြီး လူတစ်ယောက်သည် မိမိကိုယ် ခန္ဓာ၏ အလေးချိန် 1 kg လျှင် 0.8 g နဲ့ညီမျှသော အသားဓာတ်ပမာဏကို နေ့စဉ်စားသုံးသင့် ပါသည်။ Cream (ခရင်မ်)နှင့် ဒိန်ချဉ်များများစားသုံးသော အမျိုးသမီးများတွင် လစဉ်မှန်မှန်သားဥမကြွေခြင်းကိုပို၍ အဖြစ်များ စေပါသည်။ အဆီနည်းသော နွားနို့နှင့် နို့ထွက်ပစ္စည်းများသည် သားသမီးရ ရှိစေရန် အထောက်အကူပြုပေးသည်။ အသက်(၃၀)အောက် အမျိုးသမီးများသည် Cheese (ချိစ်)နှင့် နို့ထွက်ပစ္စည်းများကို စားသုံးပေးခြင်းဖြင့် သား သမီးရရှိရန် အခွင့်အလမ်းပိုများပေသည်။ နည်းပညာ အကူအညီ ဖြင့် သားသမီးရရှိရန် ကြိုးစားနေသော အသက်(၃၅)နှစ်အထက် အမျိုးသမီးများသည်လည်း နို့ထွက်ပစ္စည်းများကို စားသုံးပေးခြင်းဖြင့် ကလေးအရှင် မွေးဖွားနှုန်းကို ပိုမိုမြင့်မားစေပါသည်။
 

အသားများများစားသုံးသော အမျိုးသမီးများတွင် သားဥကြွေခြင်းအပေါ် ဆိုုးကျိုးများဖြစ်ပေါ်စေပါသည်။ ငါး၊ ဥနှင့် စီမံပြုပြင်ထားသော အသားများသည် သားဥမကြွေသည့် ပြဿနာရပ်အပေါ်တွင် မည်သို့မျှအကျိုး သက်ရောက်မှုမရှိပါ။ သို့သော် ဟင်းသီးဟင်းရွက်မှရသော အသားဓာတ်များကို ပိုမိုစားသုံးပါက ထိုပြဿနာ ရပ်ကို လျော့နည်းစေပါသည်။ red meat (အမဲသား၊ ၀က်သား စသည်)တို့ကို များစွာ စားသုံးသူ တို့တွင် Blastocyst  ဟုခေါ်သော ငါးရက်သားအဆင့်ရှိ သန္ဓေသားလောင်းဖြစ်ပေါ်မှုကို လျော့နည်းစေပါသည်။ ငါး များများစားသုံးသူတို့တွင် Blastocyst ဖြစ်ပေါ်မှုကို ပိုမိုအားကောင်းစေပါသည်။ Mercury (ပြဒါး)ပမာဏနည်းပါးပြီး W-3PUFA (ကောင်းမွန်သောအဆီဓာတ်)များပါ၀င်သော ငါးများအား စားသုံးသူတို့တွင် ကိုယ်၀န်မြန်မြန်ရရှိ စေပါသည်။ ကိုယ်၀န်ဆောင်မိခင်များနှင့် ကိုယ်၀န်ရရှိရန်ကြိုးပမ်းနေသော အမျိုးသမီးများအနေဖြင့် ငါးအမျိုးမျိုးကို တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်မျှ စားသုံးသင့်ပါသည်။ သို့သော် mercury ပါ၀င်မှုများသော ငါးများ albacore tuna (ဥပမာ- bigeye tuna, king mackerel, swordfish) တို့လို ပင်လယ်ငါးကို တစ်ပတ်လျှင် တစ်ကြိမ်ထက် ပိုမစားသင့်ပါ။

Soy (ပဲအမျိုးမျိုး)
ပဲအမျိုးမျိုးကို စားသုံးခြင်းသည် ကလေးအရှင်မွေးဖွားနှုန်းနှင့် သားသမီးရရှိစေရန် ထောက်ပံ့ပေးနိုင် ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် Fertility Diet သားသမီးရရှိစေရန်အထောက်အကူပြုနိုင်သော အစားအစာ များမှာ
-    Whole grains (ပြုပြင်မွမ်းမံထားခြင်းမရှိသော ဆန်၊ ဂျုံစသည်များ)

-    Fish (ကောင်းမွန်သော အဆီများပါ၀င်သည့်ငါးများ)  

-    Fruits  (အသီးအနှံများ)

-    Vegetables (ဟင်းသီးဟင်းရွက်များ)

-    Olive oil (သံလွင်ဆီ)

-    Legumes (ပဲတောင့်ရှည်များ) စသည်တို့ဖြစ်ပါသည်။

သို့သော် Fast food (အသင့်စား အစားအသောက်များ)၊ snack (သရေစာများ)နှင့် mayonaise တို့ကို လျော့၍စားသင့်ပါသည်။ ပိုးသတ်ဆေးများ မြောက်များစွာအသုံးပြုထားသော အသီးအနှံ၊ အသားများနှင့် mercury ပမာဏများစွာပါ၀င်သော ငါးများကိုလည်း ရှောင်ရှားသင့်ပါသည်။

* Fertility and Sterility, Vol-110 No.4/ September 2018 မှ ကောက်နှုတ်၍ အကျဉ်းချုပ်ရေးသား ထားပါသည်။ *