100 Babies Party

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ စ၍ Bahosi Fertility Center (BFC)ဗဟိုစည် မျိုးပွားမှုဆိုင်ရာ အကူအညီပေးရေးစင်တာကို တည်ထောင်ဖွင့်လှစ်ပြီး ကလေးမရနိုင်သော စုံတွဲများအတွက် ကူညီပေးခဲ့ရာ ယခုအခါ BFC မှ မွေးထုတ်ပေးခဲ့သော ကလေး ၁၀၀ကျော်ရှိပြီဖြစ်ကြောင်း ၂-၃-၁-၂၀၁၃ ရက်နေ့က ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်ခဲ့သော 100 Babies Party မှ သိရှိရပါသည်။

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ပါမောက္ခဒေါက်တာဖေသက်ခင် တက်ရောက်၍ ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်င်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်စသည်တို့တွင် Test Tube Baby ဟု လူအများသိသော IVF (In Vitro Fertilization) စင်တာများကို လွန်ခဲ့သည့် အနှစ် ၂၀ ကျော် ၃၀ ခန့် ကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသမီး မေလင်းထက်ဆွေ ကို ၂၀၀၇ခုနှစ်၊ သြဂုတ်လတွင် မွေးဖွားနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ဆေးလောက၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ပြည်ထောင်စု၀န်ကြီးက ပြောကြားသွားခဲ့ပါသည်။

အခမ်းအနားတွင် BFC ကိုထည့်ဆောင်ရာတွင် ရှေ့ဆောင် လမ်းပြပေးခဲ့သော သားဖွားနှင့် မီးယပ်အထူးကုဆရာ၀န်ကြီး ပါမောက္ခဒေါက်တာ ဒေါ်မြမြကလည်း ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြန်မာပထမ ဖန်ပြွန်သန္ဓေသား မေလင်းထက်ဆွေ ၏ ဖခင်ဒေါက်တာဘဆွေနှင့် အမြွှာသမီးငယ်လေးများဖြစ်သော မလင်းသန္တာစိုးနှင့် မလင်းဟန်သာစိုး တို့၏ ဖခင် ဦးမောင်မောင်စိုးတို့ကလည်းအမှတ်တရ စကားများပြောကြားခဲ့ပါသည်။

ထို့နောက် BFC၏ သမိုင်းမှတ်တိုင်များဖြစ်သော ကလေးငယ်များအား အမှတ်တရဂုဏ်ပြုခြင်းများ ပေးအပ်ကာ အခမ်းအနားပြီးဆုံး
ခဲ့ပါသည်။

သားသမီးလိုချင်သော်လည်း မရရှိသော ဇနီးမောင်နှံများအနေဖြင့် BFC အမှတ် ၃၀/၃၆၊၆-လွှာ တိုက်၊၁-၂၊ ဗဟိုစည်အိမ်ရာ၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၃၀၀၀၄၀ နှင့် ၀၁-၂၃၀၀၀၄၂ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။